SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံတိုင်းရင်းသားပြည်သူများ နယ်မြေ တည်ငြိမ်အေးချမ်း၍ မူလနေရပ် များသို့ ပြန်လည်ပြောင်းရွှေ့

Wednesday, 22 November 2017 14:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  ၂၁

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မောင် တောမြို့၊ သာသနာ့ ဗိမာန် ကျောင်းတိုက် တွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့်  ဒေသခံ တိုင်းရင်းသားပြည်သူ အိမ်ထောင်စု ၁ဝ စု၊ လူဦးရေ ၁၄ ဦးတို့ သည် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်သဖြင့် ၎င်းတို့၏မူလ နေရပ်ဖြစ်သော မောင်တောမြို့ နယ်၊ အထက် ပြူးမကျေးရွာသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ရေးအတွက် ယနေ့တွင် တပ်မတော် သားများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသည်။

အဆိုပါ နေရပ်ပြန် တိုင်းရင်းသားပြည်သူများအတွက် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Wednesday, 22 November 2017 14:20